• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

ငယ်ငယ်က အမေ့ရင်ခွင်ထဲမှာ နားထောင်ခဲ့တုန်းက လိမ္မာရေးခြားရှိဖို့ ပုံပြင်တွေပေါ့..။ နည်းနည်း သိတတ်တဲ့ အရွယ်ရောက်တော့ စွန့်စွန့်စားစား သူရဲကောင်းတွေ အကြောင်း ကို နားထောင်ချင်ကြတယ်..။ လူငယ်ဖြစ်လာတော့ တွေးချင်လာကြတယ်..။ ဆင်ခြင်ဖို့ အကြောင်းလေးတွေ ပါတဲ့ ပုံပြင်လေးတွေ နားထောင်ချင်ကြတယ်..။ နတ်ဆိုးလေး ပုံပြင်တစ်ပုဒ် ပြောပြမယ်နော်......။ ကြားဖူးတဲ့သူလဲ ရှိပါလိမ့်မယ်..။ ပုံပြင်လေး နာမည်က ကပ်ငြိမှု တဲ့..။

ဟိုးရှေးရှေးတုန်းက တောအုပ်တစ်ခုမှာ ကျောင်းသင်္ခမ်းလေး ဆောက်ပြီး သီတင်းသုံးတဲ့ ရသေ့ကြီးတစ်ပါးရှိသတဲ့..။ အဲဒီ ရသေ့ကြီးကို အလုပ် အကျွေးပြုတဲ့ ရသေ့ငယ်နှစ်ပါးဟာ အပါတ်တိုင်း အနီးဆုံး ရွာတစ်ရွာကိုသွားပြီး ဘုန်းပေးစရာ အလှူခံရပါသတဲ့..။ ရသေ့ကြီးဟာ သူ့ရဲ့ လက်အောက်က ရသေ့နှစ်ပါးကို ပညတ်တွေ တင်းကြပ်ထားတယ်တဲ့..။ အဲ.ဒီထဲမှာ အတင်းကြပ်ဆုံးကတော့ မိန်းမနဲ့ မထိတွေ့ရဘူးဆိုတာပါပဲ..။

အဲ တစ်နေ့ကျတော့ ရသေ့နှစ်ပါး အလှူခံ ပြီး တောထဲ အပြန် ရွာအလွန်က ရေကန်မှာ မိန်းကလေး တစ်ယောက် တစ်ယောက်တည်း ချော်လဲနေတာကိုတွေ့ရတယ်..။ အဲတော့ ရသေ့တစ်ပါးက ပြေးထူလိုက်ပါသတဲ့..။ အဲဒါကို အခြားရသေ့က ကြည့်ပြီး.

အရှင်ဘုရား.. အရှင်ဘုရား အပြစ်ကျူးလွန်မိပြီနော်.. အပြစ်တွေ ဆေးကြောပစ်ပါဘုရား..

လို့ပြောသတဲ့..။ ဒါပေမယ့် ပထမ ရသေ့က ဘာမှ မပြောဘူးတဲ့..။

အဲလိုနဲ့ ကျောင်းပြန်ရောက် ဆွမ်းချက်ရင်းလဲ ဒုတိယ ရသေ့က ပထမရသေ့ကို

အရှင်ဘုရား အပြစ်ကို မဆေးကြောသေးဘူးလား...

တစ်တွတ်တွတ်နဲ့

တရား အာရုံပြုရင်းလဲ...

အရှင်ဘုရား အပြစ်တွေ ကြီးနေပြီ ဆေးကြောပါတော့..

ခဏခဏ ပြောနေပေမယ့် ပထမ ရသေ့က ဘာမှ ပြန်မပြောဘူးတဲ့..။

အဲတော့ ဒုတိယ ရသေ့က ဆရာရသေ့ကြီးကို သွားလျှောက်တယ်တဲ့..
အရှင်ဘုရား ဒီကိုယ်တော်ဟာ အရင် အပါတ်က အလှူခံတုန်းက မိန်းမတစ်ယောက်ချော်လဲ တာကို ထူပေးမိတဲ့အတွက် အပြစ်သင့်နေပါတယ် ခုထိ ဆေးကြောခြင်းမပြုပါဘုး.. အရှင်ဘုရား ဆုံးမတော်မူပါဘုရား

ဆိုတော့.. ရသေ့ကြီးက ပထမ ရသေ့ကို ခေါ်တယ်..။

ကိုယ်တော်... ဒီကိုယ်တော်ကတော့ ဒီလိုပြောနေတယ်.. ဟုတ်လား...

လို့မေးလိုက်တယ်..

အဲတော့ ပထမ ရသေ့က

မှန်ပါ့... တပည့်တော်ဟာ အဲဒီ အမျိုးသမီးကို ချော်လဲလို့ ပွေ့ထူပြီး အဲဒီနေရာမှာပဲ ထားခဲ့ပြီးပါပြီဘုရား...

လို့ ပြန်လျှောက်သတဲ့..။

အဲဒီတော့ ရသေ့ကြိးက

ဟာ.. ဟုတ်ပေသားပဲ.. ဒီကိုယ်တော်က ဒီအမျိုးသမီးအပေါ်မှာ ထိတွေ့လိုက်ပြီး ဘာ ရမ္မက်မှ မထားပဲ ပြန်လွှတ်ထားလိုက်ပေမယ့်... ဒီကိုယ်တော်ကတော့ မထိတွေ့ပါပဲနဲ့ ဒီ အမျိုးသမီးကို ကပ်ငြိမှုနဲ့ ဒီထိခေါ်လာပြီး ငါ့ဆီတောင် ရောက်အောင် ပို့နေပါလား

လို့ ဆင်ခြင်မိလိုက်ပါသတဲ့......။

နတ်ဆိုးလေး ပြောတဲ့ပုံပြင်လေးကတော့ ဒါပါပဲ..။
စာဖတ်သူတို့ တွေးဖို့.. စဉ်းစားဖို့... ဆင်ခြင်ဖို့ပါ.....။



အားလုံးကိုလေးစားလျက်
....နတ်ဆိုးလေး....

12 Response for the "နတ်ဆိုးလေး ပုံပြောမယ်.."

  1. နတ်ဆိုးလေး ရေ

    မဟာယာန နဲ့ ထေရဝါဒ အငြင်းပွားစရာ ဈာန်ပုံပြင်တွေ (အတွေး အခေါ်တွေ)ပါတဲ့ စာအုပ်တွေ အများကြီးပါ စိတ်ဝင်စားရင် ဖတ်ကြည့်သင့်တယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

  2. ဟဲလို ဓါတ်ဆီတင် ၀မ်းတူးသုံး အခြေအနေကောင်းလား ကောင်းလား မကောင်းရင် ဘလော့ကိုမီးနဲ့ရှို့မယ် ဒါဗြဲ

  3. ပုံပြင်တွေပြောခွဲနေပါလား ကောင်းတယ် တခါတရံမှာ
    လုပ်တဲ့လူထက် လုပ်တဲ့လူကိုဝေဘန်တဲ့လူကပိုပြီး
    အပြစ်ဖြစ်နေတတ်တယ် ၊ ရာမာခရစ်ရှနားပုံပြင်မှတ်တယ်
    ဆရာကြီးဦးသုခရေးတာ အဲထဲမှာလဲဒီပုံပြင်နဲ့ပုံစံတူတခု
    ရှိတယ် မက်စိပ်ကတော့အတူတူပါဘဲ ကောင်းတယ်ဗျို့
    နှင်းပြောတဲ့ပုံပြင်ထက်ကောင်းတယ် .....။

  4. နတ်နတ်ရေ... ပုံပြင်က တအားကောင်းတယ် သိလား...။ ကွန်မန့် တွေကသာ သိပ်မကောင်းတာ...။(တခြား ကွန်မန့် တွေကိုမပြောပါ )။ ပြောချင်တဲ့ သူကတော့ သိတယ်မလား... ဟွန်းးးးး

  5. ပုံပြင်လေး ဖတ်ရူသွားပါတယ်၊ အားပေးလျက်။

  6. သတိ comment တွင် ဘလော့ဂါအချင်းချင်း ရန်မဖြစ်ရ.။
    အထူးသဖြင့် တူတူရေးသော contributor များ..

    ပုံ
    နတ်နတ်

  7. မပြောချင်ပါဘူး ၊ မိန်းခလေးတွေကခတ်နော်တယ်ကိုနတ်
    ဆိုး ၊ စကားပုံရှိတယ် မိန်းမဆိုရင် လူမမပြောနဲ့ မျောက်မ
    တောင်အတင်းပြောတတ်တယ်ဆိုဘဲ သူများအကြောင်း
    မပြောတတ်ပါဘူးစပ်မှိလို့ပြောတာပါ ၊ အော်နှင်းတောင်
    ကွန်မင့်လာပေးသွားပါလား ၊ မင်္ဂလာပါနှင်းရေ..

  8. ပြောပြန်ပြီ
    ပြောလေ ကဲလေပါလား...
    ရန်မဖြစ်ရပါဘူးဆိုမှ..
    စောင်းချိတ် ပြောမနေကြနဲ့လေ
    ထသ ကြပါတော့လား
    အဟွန့်...... ငါနော်

  9. ပုံပြင်ကောင်းလေးပဲနော်။
    အခုမှ ဖတ်ဘူးပါတယ်။
    ကျေးဇူးတင်ခင်မင်လျှက်။

  10. Unknown says:

    ကိုနတ်ရေးတာကောင်းပါတယ်

  11. Unknown says:

    ကိုနတ်ရေးတာကောင်းပါတယ်

  12. Unknown says:

    ကိုနတ်ရေးတာကောင်းပါတယ်