• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

Google Doodle Day

Posted by နတ်ဆိုးလေး On Saturday, June 05, 2010 11 ယောက်ရဲ့ စကားသံတွေ



ဒီပို့စ်ကို ရေးရတဲ့ အကြောင်းရင်းကို ပြောရမယ်ဆိုရင် အဟမ်း.. ဒီလိုဗျ.. ။ ဒီပို့စ် တင်ဖြစ်သွားပုံက စပြောရမှာပေါ့.. ။ ဆိုင်မှာ သုံးနေတဲ့ user တစ်ယောက် ဆီ လှမ်းကြည့်မိလိုက်လို့ပါ..။ ဂူဂဲ က ဘယ်သူ့ကို honour လုပ်ပြန်ပြီလဲ.. လို့ရှာကြည့်တယ်.. တွေ့လဲတွေ့ရော.. ငါ့ ဘလော့ လေး ပို့စ်တစ်ခုတိုးရင် နည်းလားဆိုပြီး ရှာလို့ရသမျှကို ဖြစ်ညှစ်ပြီး ဘာသာပြန်ပြီး ရေးပစ်လိုက်တာ က တစ်ကြောင်း.. ပြီးတော့ shout box ထဲမှာ လာအော်သွားတဲ့ မနှင်းမိုးမိုး ကြောင့်လေ.. ။ သူက ပို့စ် မှန်မှန် မတင်ရင် သံယောဇဉ် ဖြတ်မယ်တဲ့..။ အဲဒါနဲ့ နတ်ဆိုးလေးလဲ ဆပ်ပြာသည် လင်ပျောက်သလို ပြာယာခတ်ပြီး . ဘာရေးလို့ ရေးရမှန်း မသိ ဖြစ်နေတုန်း အဲဒီ google doodle လေးကို ဓါးစာခံ လုပ်ပစ်လိုက်တာပဲ... ။ ဟီးဟီး..။

ကျွန်တော်က google ကနေ ရှာရတာ အားကြိး ပျင်းတဲ့ကောင်..။ ဒါတောင် user တစ်ယောက်ဆီက တွေ့လိုက်လို့ ဒီပို့စ်လေး တင်ဖြစ်သွားတာ..။
ဒီနေ့ ဇွန်လ ၅ရက်နေ့ ဟာ နိုဘယ်ဆုရှင် လျှပ်စစ် အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ Dennis Gabor ရဲ့ နှစ်ပေါင်း ၁၁၀ ပြည့် မွေးနေ့ ဖြစ်ပါတယ်တဲ့..။ Dennis Gabor ဟာ သုံးဖက်မြင် နိယာမ ကို ဖော်ထုတ် နိုင်မှုကြောင့် ရူပဗေဒ ဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့ပါတယ်..။
Gabor ကို ၁၉၀၀ ပြည့်နှစ် ဇွန်လ ၅ ရက်နေ့ မှာ Hungary နိုင်ငံ Budapest မှာ မွေးဖွားခဲ့ပါတယ်.. Gabor ဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါတယ်..။ ပထမ ကမ္ဘာစစ် အတွင်း မှ Gabor ဟာ ဟန်ဂေရီ အမြောက်တပ်မှာ စစ် မှုထမ်းခဲ့ပါတယ်..။ Budapest နဲ့ Berlin မှာ ရှိတဲ့ နည်းပညာတက္ကသိုလ်များမှာ ပညာသင်ယူပြီး ဘွဲ့ရတဲ့ အခါ Gabor ဟာ ၁၉၄၆ ခုနှစ်မှာ ဗြိတိန်နိုင်ငံသား ခံယူခဲ့ပါတယ်..။ British Thomson-Houston ကုမ္ပဏီမှာ အလုပ်လုပ်နေစဉ် ၁၉၄၇ ခုနှစ်မှာ Gabor ဟာ holography လို့ ခေါ်တဲ့ သုံးဖက်မြင် နည်းပညာကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်..။ သူ့ရဲ့ ကြိုးပမ်းမှုများကြောင့် ၁၉၇၁ ခုနှစ်မှာ ရူပဗေဒ ဆိုင်ရာ နိုဘယ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်...။ Gabor ရဲ့ တွေ့ရှိမှုကို ဒီနေ့ Google က အသိအမှတ်ပြုတဲ့အနေနဲ့ 3D logo လေးနဲ့ ဂုဏ်ပြုလိုက်တာပါ..။

နိုဘယ်ဆုရှင် လျှပ်စစ် အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ Dennis Gabor ဟာ နိုဘယ်ဆု ရပြီး ၈ နှစ်အကြာ ၁၉၇၉ ခု ဖေဖော်ဝါရီ ၈ ရက်နေ့ လန်ဒန်မြို့မှာ ကွယ်လွန် အနစ္စ ရောက်သွားခဲ့ပါတယ်ခင်ဗျာ...။

နတ်ဆိုးလေး ဘာသာပြန်လို့ ရသမျှ နားလည်သမျှ Dennis Gabor ရဲ့ အကြောင်းပါ..။
အော် ဒါနဲ့ မဆီမဆိုင် လက်ပံသား ဓါးနဲ့ ချိုင်ဆိုသလို ဘာမှတော့ မဆိုင်ဘူုး ပြောရဦးမယ်..။ ဒီပို့စ် ရေးနေစဉ် အတောအတွင်းမှာ မီး သုံးခါ ပျက်ပါတယ်ခင်ညာ... ဟီးဟီး...။

အားလုံးကိုလေးစားလျက်
....နတ်ဆိုးလေး.......

11 Response for the "Google Doodle Day"

  1. ဒီမှာ မန့်ဖို့ ၄ ခေါက်တောင် လာရတယ်...တယ်မလွယ်ပါလားနော်..
    ပြောတော့ ရွှေမန်းမှာ မီးမှန်ပြီဆို...သူပဲ အညိုးညိုးပြောနေတယ်..
    မသိတာတွေ သိသွားတယ်..။
    လာဖတ်သွားပြီနော်...ကိုနတ်ချိုးရေး..အဲလေ..ကိုနတ်ဆိုးလေး
    ပျော်ရျွင်ပါစေ
    နှင်းမိုးမိုး

  2. နတ်ဆိုးလေး ရေ

    ဘာကြောင့် ဂူးဂဲလ် ပြောင်းသွားပါလိမ့်လို့ သိလိုက်ရတာကျေးဇူးပါ

    ရွှေစင်ဦး

  3. PhyoPhyo says:

    လာလည်သွားပါတယ်၊ ပေါက်ဆီ ကနေ လှည့်လာတာ၊ 3D ဖော်ထုတ်နိုင်ခဲ့တဲ့သူ ကို သိရတဲ့အတွက် ကျေးဇူး၊
    ဟန်ဂေရီကဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တစ်ဦးဆိုလို့ စိတ်ဝင်စားစရာကောင်းစရာကောင်းလိုက်တာ၊
    ခင်မင်လေးစားလျှက်

  4. တခါပျက်ရင် ရှစ်နာရီနဲ့ ၃ခါပျက်တာပေါ့

  5. သုံးဖက်မြင်နည်းပညာ နဲ့ ပတ်သက်ပြီးရေးထားတာလည်း ကောင်းတာပဲ။
    မီးသုံးခါပျက်တာကို ရေးတာလည်းကောင်းတာပဲ၊

  6. ကိုနတ်မိစ္ဆာကြီး ဟုတ်ပ မှန်တယ်ပြောလိုက်ပျက်တယ်ပြောလိုက်နဲ့ ရွှေနိုင်ငံသုံး
    ဥပဒေကြီးကြနေတာဘဲ ၊ နှင်းကခင်များကိုတအားမန့်ချင်တာ သိပ်တတ်ကြွတာ
    ဘဲ ၊ ဒါမှလဲပြန်မန့်မယ်မို့လား ၊ မီးပျက်တော့ကောင်းတာပေါ့မီးဘေးအန္တရာယ်
    တောင်စိတ်ချရသေးတယ် လျှပ်စစ်မီးက လောင်ကျွမ်းစေတတ်တဲ့သဘောရှိတာ ကိုး နှင်းမလာလို့ဇေလာရင်လဲနှင်းမိုးမိုးဘလော့ကလာရေးသွားတယ်မှတ်ပေး နော် ဇေမလာလို့နှင်းလာသွားရင်လဲ ဇေလာသွားတယ်တာမှတ်ပေး ၊ ဘာလို့အဲ လိုပြောရလဲဆိုရင် ၊ နှင်းစာတွေမှာဘဲခင်များမန့်တာတွေ့ဘူးလို့လေ ဟဲဟဲ ။

  7. PhyoPhyo says:

    ကိုနတ်ဆိုးလေးရှင့် Dennis Gabor က ဂျူးမိသားစုက မွေးလာတဲ့ ဂျူးပဲဟာ၊ ဘယ်လိုလုပ် ဗုဒ္ဓဘာသာဝင်ဖြစ်သွားတာလဲ၊ သူ့ အကြောင်းတွေလက်လှမ်းမိသလောက် လိုက်ဖတ်ကြည့်တာ ဘာသာနဲ့ဆိုင်တာ မတွေ့ဘူး၊ အဲဒါလေး ပြောပြပေးပါဦး၊ ဂျုးတွေက ဘာသာရေးအယူဝါဒပြင်းထန်ကြလို့ပါ၊
    ခင်မင်လေးစားစွာ

  8. ဗဟုတုတ ရတယ်..နတ်ကောင်းရေ..

  9. This comment has been removed by the author.
  10. ပြောရမှာတော့ရှက်တယ်ဗျာ
    ကျွန်တော် အမှားတစ်ခု တောင်းပန် ပါရစေ
    Wikipedia မှာ ဘာသာပြန်ပြိး ဒီပို့စ်တင်လိုက်တာပါ
    British ဗြိတိန် နိုင်ငံသားလို့ ရေးတာကို buddish ဗုဒ`ဓ ဘာသာလို့ မျက်စိရှမ်း ဘာသာပြန်မိတာပါ..
    ပြန်ကြည့်ဖြစ်အောင် သတိပေးတဲ့ မဖြိုးဖြိုး ကို ကျေးဇုးတင်ပါတယ်
    အားလုံးပဲ နတ်ဆိုးလေးရဲ့ အမှားကို ခွင့်လွှတ်ကြမယ်လို့ မျှော်လင့်ပါတယ်..
    အားလုံးကို အားနာနာနဲ့ပဲ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါရစေနော်

    အားလုံးကို လေးစားလျက်
    ...နတ်ဆိုးလေး....

  11. PhyoPhyo says:

    :) ဘာသာပြန်တုန်းအိပ်ငိုက်သွားလို့ပါ၊ မီးကလဲပျက်တယ်လေ၊
    အမှားထောက်တာမဟုတ်ပါဘူး၊ တကယ်သိချင်သွားလို့၊
    Gabor အကြောင်းသိလိုက်ရလို့ ကျေးဇူး၊
    ရွှင်လန်းချမ်းမြေ့ပါစေ